မန္တလေးတိုင်း၊ စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းမြို့တို့ကို ဆက်သွယ်ထားသည့် ဧရာဝတီ (ရတနာသိင်္ခ) တံတားကို ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါတံတားသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်က မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ရေလည်တိုင်များ ကျိုးကျပျက်စီးခဲ့ခြင်းဖြစ်ပြီး၊ ဒီဇင်ဘာ ၂၂ ရက်တွင် တံတားနှင့် အနီးတစ်ဝိုက်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ထုတ်ပြန်လာခြင်းဖြစ်သည်။ ယင်းတံတားအား ပြန်လည်ပြင်ဆင်ပြီးပါက ဒေသတွင်း သွားလာရေးနှင့် ကုန်စည်စီးဆင်းမှုများ ပြန်လည်မြန်ဆန် ကောင်းမွန်လာမည်ဖြစ်သည်။
Dec 23 • 6:17 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 37 | 0 | 0 | 0 |


