back

မန္တလေး၊မုံရွာမြို့နယ်မှ ခရီးဝေးသွားမည့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

Dec 23 • 4:07 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေး၊မုံရွာမြို့နယ်မှ ခရီးဝေးသွားမည့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

မန္တလေးတိုင်း၊မုံရွာမြို့နယ်တွင် ရွေးကောက်ပွဲနေ့ မတိုင်မီ ခရီးဝေးတွင် တာဝန်များ ထမ်းဆောင်ကြမည့် ဝန်ထမ်းများသည် ဒီဇင် ဘာ (၂၂)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် န...

မန္တလေးတိုင်း၊မုံရွာမြို့နယ်တွင် ရွေးကောက်ပွဲနေ့ မတိုင်မီ ခရီးဝေးတွင် တာဝန်များ ထမ်းဆောင်ကြမည့် ဝန်ထမ်းများသည် ဒီဇင် ဘာ (၂၂)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် နန္န္ဒဝန်ရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးတွင် ပဥ္စမနေ့အဖြစ် ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြောင်း သိရသည်။၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈) ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပသည့်နေ့နှင့် ယင်းနေ့မတိုင်မီ နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာကြမည့် ဝန်ထမ်းများအနေဖြင့် ကြိုတင်ဆန္ဒမဲများပေးခြင်းဖြစ်သည်။မုံရွာမြို့နယ်အတွင်း ခရီးဝေးသွားလာကြသည့် ဝန်ထမ်းများနှင့် ပြည်သူများ ကြိုတင်ဆန္ဒမဲကို ဒီဇင်ဘာ (၂၇)ရက်အထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

41