back

ဂျိုရှူအာဗန် Sherdog ၏ ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးကစားသမားဆု အပါအဝင် ဆုနှစ်ဆု ဆွတ်ခူး

Dec 23 • 2:54 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျိုရှူအာဗန် Sherdog ၏ ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးကစားသမားဆု အပါအဝင် ဆုနှစ်ဆု ဆွတ်ခူး

ကမ္ဘာကျော် MMA ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Sherdog က ချီးမြှင့်သည့် ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံး MMA အမျိုးသားကစားသမားဆု (Male Fighter of the Year) နှင့် အကောင်းဆုံ...

ကမ္ဘာကျော် MMA ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Sherdog က ချီးမြှင့်သည့် ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံး MMA အမျိုးသားကစားသမားဆု (Male Fighter of the Year) နှင့် အကောင်းဆုံးပွဲစဉ်ဆု (Fight of the Year) တို့ကို မြန်မာဖိုက်တာ ဂျိုရှူအာဗန် က ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည်။ ဂျိုရှူအာဗန်သည် ၂၀၂၅ ခုနှစ်အတွင်း ဂျပန်ဖိုက်တာ ရေးတက်ဆူရာ၊ ဘရာဇီးဖိုက်တာ ဘရူနိုဒါဆေးလ်ဗား၊ အဆင့် (၁) ရှိ ဘရန်ဒန်ရွိုင်ဗယ်တို့ကို အသီးသီးအနိုင်ယူခဲ့သည့်အပြင်၊ နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် UFC 323 ပြိုင်ပွဲတွင် ချန်ပီယံ ပန်တိုဂျာကို ၂၆ စက္ကန့်အတွင်း အလဲထိုးကာ ဖလိုင်းဝိတ်တန်း ချန်ပီယံအဖြစ် စံချိန်တင်အောင်မြင်မှုများ ရရှိခဲ့သူဖြစ်သည်။ ၎င်းနှင့် ဘရန်ဒန်ရွိုင်ဗယ်တို့ ယှဉ်ပြိုင်ခဲ့သည့် UFC 317 ပွဲစဉ်မှာလည်း တစ်နှစ်တာအတွင်း အကောင်းဆုံးပွဲစဉ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရခြင်းဖြစ်ပြီး၊ ယခုဆုများသည် ဂျိုရှူအာဗန်၏ ကမ္ဘာ့အဆင့်အတန်းရှိ အသိအမှတ်ပြုလိုက်ခြင်းလည်း ဖြစ်သည်။

news-view-count-icon

54