ထားဝယ်လေဆိပ်ကို နိုင်ငံတကာတွင် အသုံးပြုနေသည့် ကုန်တင် (Cargo) လေယာဉ်ကြီးများ ဆင်းသက်နိုင်ရန်အတွက် အဆင့်မြှင့်တင်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပြေးလမ်းအရှည် ပေ ၁၂,၀၀၀ နှင့် အကျယ် ပေ ၁၀၀ ရှိသော အဆိုပါလေဆိပ်ကို လေယာဉ်ပြေးလမ်းနှင့် အဆောက်အဦများပါ တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ပြီး၊ ပြည်တွင်းလေယာဉ် ၅ စင်း တစ်ပြိုင်တည်း ရပ်နားနိုင်သည့် အခြေအနေမှ နိုင်ငံတကာအဆင့်မီ ပြောင်းလဲရန် ရည်ရွယ်ခြင်းဖြစ်သည်။ ယခုကဲ့သို့ အဆင့်မြှင့်တင်ခြင်းဖြင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် များစွာအထောက်အကူပြုလာနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ထားဝယ်လေဆိပ်ကို နိုင်ငံတကာကုန်တင်လေယာဉ်ကြီးများ ဆင်းသက်နိုင်ရန် အဆင့်မြှင့်တင်မည်
Dec 23 • 1:31 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 27 | 0 | 0 | 0 |


