back

မူဆယ်က KTV ဆိုင်နဲ့ Spa ဆိုင်မှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းမှ အမျိုးသမီးငယ်တွေကို ထိပါးစော်ကားရာကနေ ထိုးကြိတ်ရိုက်နှက်မှုဖြစ်ပွား

Dec 22 • 3:21 PM

breaking-news

မြန်မာ

ရှမ်း

cover

မူဆယ်က KTV ဆိုင်နဲ့ Spa ဆိုင်မှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းမှ အမျိုးသမီးငယ်တွေကို ထိပါးစော်ကားရာကနေ ထိုးကြိတ်ရိုက်နှက်မှုဖြစ်ပွား

ဒီဇင်ဘာလ ၁၈ ရက် ည ၁၁ နာရီလောက်မှာ တရုတ်-မြန်မာနယ်စပ်က မူဆယ်မြို့မှာ ကားလေးဝန်းအနီးရှိ KTV ဆိုင်တစ်ခုမှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းမှ တရားမဝင် လာရောက်နေထိုင်ကြတဲ့ တရ...

ဒီဇင်ဘာလ ၁၈ ရက် ည ၁၁ နာရီလောက်မှာ တရုတ်-မြန်မာနယ်စပ်က မူဆယ်မြို့မှာ ကားလေးဝန်းအနီးရှိ KTV ဆိုင်တစ်ခုမှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းမှ တရားမဝင် လာရောက်နေထိုင်ကြတဲ့ တရုတ်နိုင်ငံသား (၅) ဦးနဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ (၈) ဦးတို့က ဆိုင်ဝန်ထမ်း မိန်းကလေးတွေကို ထိပါးစော်ကားရာခဲ့ရာ အချင်းချင်းခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ကျားဖြန့်မှာ အလုပ်လုပ်နေကြသူအားလုံးက နေ့ဆိုင်း ညဆိုင်းဆိုပြီး အလုပ်လုပ် လုပ်နေကြတာကြောင့် အခု လာရောက်သောင်းကျန်းသူ တရုတ်နိုင်ငံသားတွေက နေ့ဆိုင်းမှာ အလုပ် လုပ်ကိုင်နေကြသူတွေ ဖြစ်တယ်လို့လည်း သိရှိသူတွေက ဆိုပါတယ်။လက်ရှိ မူဆယ်ထဲမှာ တရားမဝင် ဝင်ရောက်ပြီး ကျားဖြန့်လုပ်ငန်းလာရောက်လုပ်ကိုင်သူ လူဦးရေ ၁ ထောင်ကျော်ရှိကြောင်း ရဲစခန်းမှ လိုင်းကြေးကောက်ယူတဲ့ စာရင်းတွေအရ သိရပါတယ်။


news-view-count-icon

27