မြောက်ဥက္ကလာပမြို့နယ်တွင် ဒီဇင်ဘာ ၂၀ ရက် ညနေ ၄ နာရီခွဲခန့်က သုဇိတာလမ်းမကြီး၊ သီတာလမ်းထိပ်၊ (၂)ရပ်ကွက်ရှိ လဘက်ရည်ဆိုင်တစ်ဆိုင်ကို ကုန်တင် Box အမျိုးအစား မော်တော်ယာဉ်တစ်စီးက အရှိန်လွန်ကာဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။ယာဉ်တိုက်မှုဖြစ်စဉ်ကို သုဇိတာပရဟိတအဖွဲ့နှင့်အတူ အလင်းရောင် လူမှုအထောက်အကူပြုအသင်း၊ စေတနာရှင် (သွေးလှူအသင်း)၊ ကျောက်ရေတွင်းနာရေးကူညီမှုအသင်းတို့ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအနက်တစ်ဦးမှာ ဆေးရုံတွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။



