ဂျပန်နိုင်ငံ၊ အိုဆာကာ(Osaka) ပြည်နယ်၊ မီနာမီ (Minami) ဒေသမှာ နိုင်ငံခြားသားခရီးသွားတွေကြောင့် အမှိုက်ပစ်ခြင်းနဲ့ လမ်းမပေါ်စီးကရက်သောက်ခြင်း စတဲ့ပြဿနာတွေ ဖြစ်ပေါ်နေတာကို ဖြေရှင်းဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက လှုပ်ရှားမှုတွေ လုပ်ဆောင်နေပါပြီ။ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အိုဆာကာပြည်နယ်အုပ်ချုပ်ရေးမှူး ယိုရှီမူရာ ဟီရိုဖူမီ (Yoshimura Hirofumi) နဲ့ မြို့တော်ဝန် ယိုကိုယာမာ ဟီဒဲယူကီ (Yokoyama Hideyuki) တို့က နေရာကို သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ ပြည်နယ်အစိုးရနဲ့ မြို့နယ်အစိုးရတို့ ပူးပေါင်းပြီး ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် နည်းလမ်းတွေ ရှာဖွေသွားမယ်လို့လည်း သိရပါတယ်။



