back

ရမည်းသင်းတွင် အလှူခံကိုငွေထည့်ဖို့ ရပ်နေသည့်ကားကို ဆိုင်ကယ်က‌ နောက်ကဝင်တိုက်

Dec 22 • 1:13 PM

breaking-news

မြန်မာ

မန္တလေး

cover

ရမည်းသင်းတွင် အလှူခံကိုငွေထည့်ဖို့ ရပ်နေသည့်ကားကို ဆိုင်ကယ်က‌ နောက်ကဝင်တိုက်

ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ စံပြသိမ်ကုန်း ကြက်ရှာလမ်းခွဲ အလှူခံဌာနရှေ့တွင် အလှူငွေထည့်ရန် ရပ်သည့်ကားကို န...

ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ စံပြသိမ်ကုန်း ကြက်ရှာလမ်းခွဲ အလှူခံဌာနရှေ့တွင် အလှူငွေထည့်ရန် ရပ်သည့်ကားကို နောက်က ဆိုင်ကယ်မှဝင်တိုက်ခဲ့ရာ ဆိုင်ကယ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသားနှင့် အမျိုးသမီးတို့ သေဆုံးသွားခဲ့ပြီး ကားအတွင်းမှ ယာဉ်မောင်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။အဆိုပါမတော်တဆမှုကြောင့် မော်တော်ကားနောက်ပိုင်းလည်း မီးစွဲခဲ့ပြီး ဆိုင်ကယ်လည်း မီးစွဲ လောင်ခဲ့ကြောင်းသိရသလို သေဆုံးသူများမှာ ရမည်းသင်းမြို့ ရွာတန်းအုတ်ဖိုရွာမှ ဖြစ်ကြောင်းလည်းသိရသည်။ 


news-view-count-icon

50