ရက္ခိုင်ပြည် စစ်တွေမြို့မှာ ပြည်နယ်အစိုးရက ဒီဇင်ဘာ ၁၇ ရက်နေ့က စတင်ကာ အခြေခံစားသောက်ကုန်တွေကို ပြင်ပပေါက်ဈေးထက် လျှော့ပြီး ရောင်းချပေးနေတယ်လို့ စစ်တွေဒေသခံတွေထံက သိရပါတယ်။ပြည်နယ်အစိုးရတို့ ရောင်းချပေးနေတဲ့ ဈေးနှုန်းဟာ အပြင်ပေါက်ဈေးထက် အများကြီး သက်သာပေမယ့် ပေါ်ဆန်းမွှေးနဲ့ မီးသွေးကတော့ ဝယ်လို့မရဘူးလို့ သိရပါတယ်။အပြင်ထက် ဈေးကွာတဲ့အတွက်ကြောင့် ဒေသခံလူထုကတော့ အဲဒီမှာ တန်းစီ ဝယ်ယူနေကြကြောင်းလည်း သိရပါတယ်။အဲဒီလို ရောင်းချပေးမယ့် အစီအစဉ်ကို မိုးရာသီကတည်းက လုပ်ဆောင်ဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့ ကြားရပြီး ရာသီဥတုအခြေတွေကြောင့် အခုမှ တိုက်တိုက်ဆိုင်ဆိုင် ရွေးကောက်ပွဲ နီးကပ်တော့မှ ရောင်းချလာတာ ဖြစ်ပါတယ်။



