မျှင်ငါးပိလုပ်ရာတွင် အဓိကအသုံးပြုသည့် ဂွေးခြောက်ခေါ် မျှင်ခြောက်မှာ ဒေသတွင်း ဝယ်လိုအားသာရှိတော့သဖြင့် ထုတ်လုပ်သူနည်းပါးလာကြောင်း ကျွန်းစုဒေသခံအချို့ထံမှ သိရသည်။ထိုင်းနိုင်ငံဘက်က မျှင်ခြောက်တန်ချိန် အလုံအလောက် ဝယ်ထားပြီးဖြစ်သည့်အတွက် ယခုနှစ်တွင် အဝယ်နည်းသွားခြင်းဖြစ်နိုင်ကြောင်း ကော်ဇယာကျေးရွာအုပ်စုနေ အမျိုးသမီးတစ်ဦးက ပြောသည်။၂၀၂၄ခုနှစ်က မြိတ်မြို့တွင် မျှင်ခြောက်တစ်ပိဿာလျှင် ငွေကျပ် နှစ်သောင်းကျော် ဈေးပေါက်ခဲ့သော်လည်း လက်ရှိတွင် တစ်ပိဿာ ငွေကျပ်နှစ်သောင်းမပြည့်တော့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။မျှင်ခြောက်ကို ငါးပိလုပ်ရာတွင် အသုံးပြုသလို သေးငယ်သော ပုစွန်ခြောက်အရွယ်အစား ဖြစ်သဖြင့် ဟင်းလျာများနှင့် အသုပ်များတွင် ပုစွန်ခြောက်အစားထိုးအဖြစ် စားသုံးကြသူများလည်းရှိသည်။



