မန္တလေးနှင့်ပြင်ဦးလွင်အနီးရှိစစ်ဘေးရှောင်များအတွက် စောင်နှင့်အနွေးထည်များအရေးပေါ်လိုအပ်

Dec 21 • 2:21 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးနှင့်ပြင်ဦးလွင်အနီးရှိစစ်ဘေးရှောင်များအတွက် စောင်နှင့်အနွေးထည်များအရေးပေါ်လိုအပ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ မန္တလေးနှင့်ပြင်ဦးလွင်အနီးတဝိုက်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် စောင်နှင့်အနွေးထည်များအရေးပေါ်လိုအပ်နေကြောင်း သုညသုခပရဟိ...

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ မန္တလေးနှင့်ပြင်ဦးလွင်အနီးတဝိုက်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် စောင်နှင့်အနွေးထည်များအရေးပေါ်လိုအပ်နေကြောင်း သုညသုခပရဟိတလူငယ်အသင်းထံမှသိရသည်။အဆိုပါ စစ်ဘေးရှောင် အိမ်ထောင်စု ၃၁၇၉ စုသည် မြောက်ပြင်စုရပ်၊ ကမ်းနားတဝိုက်စုရပ်၊ မြို့ထဲတဝိုက်စုရပ်၊ စက်မှုတဝိုက်စုရပ်၊ အမရပူရစုရပ်၊ ပုသိမ်ကြီးစုရပ်၊ အုန်းချောစုရပ်၊ ပြင်ဦးလွင်စုရပ်၊ အနီးစခန်း စုရပ်နှင့် ပြင်စာစုရပ် အစရှိသည့် စုရပ် ၁၀ နေရာရှိ သတ်မှတ်ထားသည့် ဘုန်းကြီးကျောင်း နှင့်ဓမ္မာရုံများတွင် နေထိုင်လျက်ရှိကြောင်းသိရသည်။





news-view-count-icon

25