back

တနိုင်းတွင် မျက်လုံးအနီးမိုင်းစထိမှန်ခဲ့သူ ဆေးဝါးကုသရန် အကူအညီလိုအပ်နေ

Dec 21 • 2:20 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

တနိုင်းတွင် မျက်လုံးအနီးမိုင်းစထိမှန်ခဲ့သူ ဆေးဝါးကုသရန် အကူအညီလိုအပ်နေ

တနိုင်းမြို့နယ်၊ ပယင်းမှော် ရေကြည်ချောင်းအနီးကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ချိန် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့် မိန်းကလေးတစ်ဦး ဆေးဝါးကုသမှုခံ...

တနိုင်းမြို့နယ်၊ ပယင်းမှော် ရေကြည်ချောင်းအနီးကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ချိန် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့် မိန်းကလေးတစ်ဦး ဆေးဝါးကုသမှုခံယူရန် အကူအညီလိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မြစ်ကြီးနားပြည်သူ့ဆေးရုံ အထူးကြပ်မတ်ဆောင်၌ ဆေးကုသမှုခံယူနေပြီး အာရုံကြောထိခိုက်ထားသောကြောင့် မန္တလေးသို့ သွားရောက်ကုသရန် လိုအပ်နေသော်လည်း ငွေကြေးခက်ခဲနေကြောင်း သိရသည်။




news-view-count-icon

21