ဂျပန်နိုင်ငံကို အလုပ်လုပ်ဖို့ ပို့ဆောင်ပေး မယ်ဆိုပြီး လူအယောက် ၈၀၀ ကျော် ဆီကနေ ငွေကျပ် သိန်းပေါင်း ကိုးသောင်းကျော် လောက်ကို လိမ်ညာသွားတဲ့ အေဂျင်စီ နှစ်ခုထဲက Su Latt Myint Mo အေဂျင်စီက ဒါရိုက်တာ နဲ့ ပိုင်ရှင်တို့ကို ဖမ်းဆီးပြီး စစ်ဆေးမှု ပြုလုပ် နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ Su Latt Myint Mo ရဲ့ ဒါရိုက်တာ ဒေါ်သက်သက်ခိုင် ဆိုသူနဲ့ ပိုင်ရှင် တို့ကို အင်းစိန်ထောင်မှာ ဖမ်းဆီးထားတာ ဖြစ်ပြီး လာမယ့် ၂၂ ရက်မှာ ရမန် ယူဖို့ရှိတယ်လို့ သိရပါတယ်။ Su latt Myint Mo အေဂျင်စီဟာ မကြာသေးခင်ကမှ အကျိုးဆောင် လိုင်စင် ရာသက်ပန် ပိတ်သိမ်းခံထားရတဲ့ အေဂျင်စီ ဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီး ခံထားရသူတွေအနေနဲ့ ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားပါက ပြည်ပ အလုပ်အကိုင် ဆိုင်ရာ ဥပေဒ ပုဒ်မ ၂၆ အရ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရနိုင်တဲ့အပြင် စာရွက်စာတမ်း အတုပြုလုပ်မှု ၊ ငွေကြေးလိမ်လည်မှု အပါအဝင် တခြား ပုဒ်မတွေ နဲ့ပါ တရားစွဲဆို ခံရနိုင်တယ်လို့ သိရပါတယ် ။ ငွေကြေး အလိမ်ခံရသူတွေဟာ ဂျပန်ကို သွားရောက်ပြီး အလုပ် လုပ်ကိုင်ခွင့် ရရှိဖို့ အတွက် တယောက်ကို သိန်း ၁၁၀ ကနေ သိန်း ၂၀၀ ကျော်အထိ အေဂျင်စီကို ပေးခဲ့ရတယ်လို့ အလုပ်သမားတွေ တိုင်တန်းမှုအရ သိရပါတယ်။



