back

မန္တလေးတောင်ပေါ်မှာ တိမ်ပင်လယ်ကြည့်သူတွေနဲ့ မနက်တိုင်းစည်ကားနေ

Dec 21 • 5:02 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတောင်ပေါ်မှာ တိမ်ပင်လယ်ကြည့်သူတွေနဲ့ မနက်တိုင်းစည်ကားနေ

မန္တလေးတောင်ပေါ်တွင်၊ နေ့စဉ် နံနက်တိုင်း တိမ်ပင်လယ်ကြည့်သူများဖြင့်စည်ကားနေကြောင်း ဒေသခံများထံမှ သိရသည်။ပြီးခဲ့သည့်ရက်သတ္တပတ်ခန့်ကစ၍ နေ့စဉ် နံနက် ၅ နာရီခန့်မှ ၁...

မန္တလေးတောင်ပေါ်တွင်၊ နေ့စဉ် နံနက်တိုင်း တိမ်ပင်လယ်ကြည့်သူများဖြင့်စည်ကားနေကြောင်း ဒေသခံများထံမှ သိရသည်။ပြီးခဲ့သည့်ရက်သတ္တပတ်ခန့်ကစ၍ နေ့စဉ် နံနက် ၅ နာရီခန့်မှ ၁၀ နာရီခန့်အထိ တိမ်ပင်လယ်လာရောက် ကြည့်ရှုရင်း အပန်းဖြေကြသူများဖြင့် စည်ကားနေခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။“တောင်တော်ပတ်ချာလည်မှာ တိမ်ပင်လယ်ကြီးဖြစ်နေတာကိုသွားကြည့်ကြတာ၊ တိမ်တွေက တခါတ လေ မှာ ရင်ပြင်တော်နားအထိရောက်တယ်၊ လာကြည့်သူတွေကမနက်တိုင်းရင်ပြင်တော်အပြည့်ပဲဗျ” ဟု ဒေသ ခံတစ်ဦးကပြောသည်။နေ့စဉ် နံနက်တိုင်း၊ တိမ်ပင်လယ်လာရောက်ကြည့်ရှုသူ ထောင်နှင့်ချီရှိနေပြီး၊ အများစုက တောင်တက် ကားလမ်းမှတက်ရောက်ကြကြောင်းလည်း ဒေသခံများက ဆိုသည်။မန္တလေးတောင်ပေါ်၀န်းကျင်တွင်၊ ယခင်က ယခုကဲ့သို့တိမ်ပင်လယ်ဖြစ်ထွန်းမှုမရှိခဲ့ဘဲ၊ ယခုနှစ်တွင်မှ ထူးထူး ခြားခြားဖြစ်ထွန်းနေခြင်းကြောင့်၊ ဒေသခံများစိတ်ဝင်စားမှုမြင့်တက်နေပြီး နေ့စဉ်သွား ရောက် ကြည့်ရှု အပန်းဖြေကြကြောင်း သိရသည်။

news-view-count-icon

28