back

ရန်ကုန်တိုင်းဒေသကြီးတွင် လိုင်စင်မဲ့မော်တော်ယာဉ် ၁၄ စီးနှင့် လိုင်စင်မဲ့မော်တော် ဆိုင်ကယ်အစီး ၃၀ဖမ်းမိခဲ့

Dec 21 • 4:37 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်းဒေသကြီးတွင် လိုင်စင်မဲ့မော်တော်ယာဉ် ၁၄ စီးနှင့် လိုင်စင်မဲ့မော်တော် ဆိုင်ကယ်အစီး ၃၀ဖမ်းမိခဲ့

ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၄ ရက်၊ ၆ ရက်...

ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၄ ရက်၊ ၆ ရက် နှင့် ၇ ရက်တို့တွင် ကမာရွတ်ခရိုင်၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့သစ်ခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ မရမ်းကုန်းခရိုင်၊ မင်္ဂလာဒုံခရိုင်၊ သင်္ဃန်းကျွန်းခရိုင်၊ သန်လျင်ခရိုင်၊ အလုံခရိုင်နှင့် အင်းစိန်ခရိုင်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ် ၁၄ စီးနှင့် လိုင်စင်မဲ့မော်တော် ဆိုင်ကယ်အစီး ၃၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁,၅၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။



news-view-count-icon

28