မြန်မာ့ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံနှင့် နှမ်းမျိုးစုံတို့မှာ ပို့ ကုန်သမားများ အဝယ်သွက်နေ သော်လည်း ဈေးမြင့်တက်ခြင်းမရှိ ဆက်လက်အဝယ်သွက်နေကြောင်း ကုန်သည်များထံမှ သိရသည်။
နှမ်းမျိုးစုံမှာ အမျိုးအစား အလိုက် ဈေးမြင့်တက်ခြင်း မရှိ သော်လည်း တရုတ်ပို့ကုန်သမား များ ခပ်သွက်သွက်ဝယ်ယူလျက် ရှိသည်။ဒီဇင်ဘာလဆန်းပိုင်းထဲက ပို့ကုန်ဆိုင်ရာ မူဝါဒအပြောင်း အလဲကို မျှော်လင့်ပြီး ပဲ၊ နှမ်း ဈေးကွက် အရောင်းအဝယ်သွက် နေရာ ဒီဇင်ဘာ ၁၇ ရက်တွင် ပို့ကုန်ပဲစင်းငုံနှင့် နှမ်းနက်များကို ပို့ကုန်ဝယ်လက်သမားများ ဝယ် လိုအားကောင်းနေကြောင်း ပြည် တွင်းသုံးကုလားပဲဈေးကွက်မှာ ပုံမှန်ဈေးကွက်သာရှိပါသည်။ မြေပဲဆီ ဆန်မှာ ပဲခွဲစက်များ ဝယ်လိုအား ကောင်းနေပြီး ပဲဖတ်ဈေးမှာလည်း ပြန်လည်မြင့်တက်လျက်ရှိကြောင်း၊ တိရိစ္ဆာန်အဖြစ် ပဲယင်းကို ဝယ် ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း ပဲကုန်သည် ဦးကျော်သွင် (ရွှေစင် သိန်းပွဲရုံ)က ပြောသည်။တရုတ်ပို့မယ့် နှမ်းနက် လည်း ဈေးမတက်ပေမယ့် အဝယ်သွက်နေပါတယ်။ မြေပဲ ဆန်ဈေးကွက်ကလည်း ပဲဖတ် ဈေးတက်တော့ ဆီစက်ပိုင်တွေ ဝယ်လိုအားကောင်းနေပါတယ်။ ပဲမာလိုင်းထဲက ပဲယင်းကို တိရိစ္ဆာန် အစာအဖြစ် ဝယ်ယူရန် စိတ်ဝင် စားလျက်ရှိပါတယ်´´ ဟု ၎င်းက ပြောသည်။


