ခုခံအားစနစ် ကုထုံးတစ်မျိုးဟာ ဒူးရိုးအဆစ်အမြစ်ရောင် ရောဂါလူနာများ၏ နာကျင်ကိုက်ခဲမှုဝေဒနာကို လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း ပြင်သစ်သုတေသနပညာရှင်များက ပြောကြားထားပါတယ်။ဒူးရိုးအဆစ်အမြစ်ရောင် ရောဂါသည် ဒူးရိုးဆစ်အရိုးနုများ ပျက်စီးချိန်တွင် ဖြစ်ပွားတတ်ပြီး လက်ရှိအချိန်တွင် ၎င်းရောဂါကို ကုသနိုင်သော ကုထုံးမျိုး မရှိသေးပေမယ့် ပြင်သစ်သုတေသန ပညာရှင်များ၏ ယခုလေ့လာတွေ့ရှိချက်အရ ကင်ဆာရောဂါများကိုကုသရာတွင် အသုံးပြုသည့် ခုခံအားစနစ်ဆေးတစ်မျိုးက ဒူးရိုးအဆစ်အမြစ်ရောင်ရောဂါကို ကုသရာတွင် အထောက်အကူပေးနိုင်ဖွယ်ရှိကြောင်းလည်း သိရပါတယ်။အဆိုပါ ခုခံအားစနစ်ကုထုံးဟာ အင်တာလူကင်-၆ (Interleukin-6) ခေါ် ပရိုတင်းတစ်မျိုးကို ဖိနှိပ်ခြင်းဖြင့် ရောင်ရမ်းမှုနှင့် နာကျင်ကိုက်ခဲမှုများကို လျှော့ချပေးနိုင်ကြောင်း သိရပါတယ်။
ပြင်သစ်သုတေသီများဟာ ဒူးရိုးအဆစ်အမြစ်ရောင်ရောဂါ လူနာ၂၄ ဦးကို အထက်ပါ ကုထုံးဖြင့် လက်တွေ့ စမ်းသပ်မှု များပြုလုပ်ခဲ့ရာ ကုထုံးရယူပြီး သီတင်းပတ် ၄၂ ပတ်အကြ၁တွင် လူနာများ၏ သွေးအတွင်း အင်တာလူကင်-၆ ပါဝင်မှုဆင့် သိသိသာသာ ကျဆင်းသွားတာကို သိရကြောင်းလည်း ပြောကြားထားပါတယ်။



