မန္တလေးငလျင်ကြောင့် ပျက်စီးခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ထမ်းအိမ်ရာများအနက် ပျက်စီးမှုနည်းသော အပြာရောင်အဆင့်သတ်မှတ်ထားသည့် အိမ်ရာ ၆၈၃ လုံးတွင် ၆၇၅ လုံး ပြင်ဆင်ပြီးစီးပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ကွင်းဆင်းစစ်ဆေးမှုအရ သိရသည်။ လက်ရှိတွင် အဆိုပါပြင်ဆင်ပြီးအဆောက်အအုံများကို သက်ဆိုင်ရာဌာနများသို့ ပြန်လည်အပ်နှံကာ ယာယီနေထိုင်သူများကို မူလနေရာများသို့ ပြန်လည်နေရာချထားပေးလျက်ရှိရာ အမှုထမ်း၊ အရာထမ်း စုစုပေါင်း ၁၁,၅၈၅ ဦးကို နေရာချထားပြီးဖြစ်သည်။ ထို့ပြင် လိမ္မော်ရောင်အဆင့် အိမ်ရာ ၄၂၆ လုံးအနက် အလုံး ၆၀ ကိုလည်း ပြင်ဆင်ပြီးစီးပြီဖြစ်ကာ အိမ်ရာအသစ်များ ပြန်လည်တည်ဆောက်နေသည့် စီမံကိန်းလုပ်ငန်းခွင်များကိုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
နေပြည်တော်ရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီးမှုနှင့် ပြန်လည်နေရာချထားရေး ဆောင်ရွက်လျက်ရှိ
Dec 21 • 2:35 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 29 | 0 | 0 | 0 |


