back

ဘူးသီးတောင်တွင် ပေါ့ဆမီးကြောင့် ​စျေးဆိုင်ခန်း ၃၀ နီးပါး မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

Dec 20 • 2:12 PM

breaking-news

မြန်မာ

ရခိုင်

cover

ဘူးသီးတောင်တွင် ပေါ့ဆမီးကြောင့် ​စျေးဆိုင်ခန်း ၃၀ နီးပါး မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် ပေါ့ဆမီးကြောင့် ဈေးဆိုင်ခန်း ၃၀ နီးပါး မီးလောင်ပြာကျခဲ့ပြီး စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၁၀၀၀ ကျော်ဖိုး ဆုံးရှုံးသွားခဲ့ကြ...

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် ပေါ့ဆမီးကြောင့် ဈေးဆိုင်ခန်း ၃၀ နီးပါး မီးလောင်ပြာကျခဲ့ပြီး စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၁၀၀၀ ကျော်ဖိုး ဆုံးရှုံးသွားခဲ့ကြောင်း တွေ့ရှိရသည်။ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ ည ၉ နာရီ ၅၀ မိနစ် ခန့်တွင် ဘူးသီးတောင်မြို့၊ ပန်ဇင်းချောင်းတံတား အရှေ့ဘက်လမ်းမ၊ မြောက်ဘက်အခြမ်းရှိ ရှာနီကိုမာ၏ ပန်းပဲဆိုင် တစ်ခုမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။အဆိုပါ မီးလောင်မှုကြောင့် ဆိုင်ခန်းအမှတ် ၁၈ မှ ၄၈ အထိ ကူးစက်လောင်ကျွမ်းခဲ့ရာ စုစုပေါင်း ဆိုင်ခန်း ၂၈ ခန်း မီးလောင်ပြာကျ ခဲ့ရသည်။ ၎င်းဆိုင်ခန်းများအနက် ၆ ဆိုင်မှာ လက်ရှိဖွင့်လှစ်ရောင်းချနေသည့် ဆိုင်များဖြစ်ပြီး ကျန် ၂၂ ဆိုင်မှာ ပိတ်ထားသည့် ဆိုင်ခန်းများဖြစ်ကြောင်း သိရသည်။



news-view-count-icon

20