ချင်းတွင်းမြစ်ကြောင်း အထက်ပိုင်းမှာ အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီ တင်ဆောင်လာတဲ့ မော်တော်များစွာဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အဆမတန် အခွန်ကောက်ခံမှုကြောင့် ရှေ့ဆက်မရဘဲ ပိတ်မိနေပြီး ဒေသတွင်း ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မယ့်အရေး ကြုံနေရပါတယ်။ဆီတစ်ပေပါ (၃) သိန်းနှုန်းနဲ့ဆိုရင် မော်တော်တစ်စီးကို အခွန်တင် သိန်းရာကြီးပိုင်းကနေ သိန်း (ထောင်ကျော်ထိ တစ်စီးကို ဆောင်ရမဲ့နှုန်းဖြစ်နေတယ်။ ဒီပမာဏဟာ ဘယ်ကုန်သည်မှ မတတ်နိုင်တဲ့နှုန်းဖြစ်ပြီး ဒီအတိုင်းသာ ဆက်သွားရင် ကုန်စည်စီးဆင်းမှု လုံးဝရပ်တန့်သွားပါလိမ့်မယ်ဆီဈေးနဲ့ ကုန်ဈေးနှုန်းတွေဟာ လက်ရှိထက် (၅) ဆ၊ (၁၀) ဆအထိ ခုန်တက်သွားနိုင်ပါတယ်။



