back

တောင်က်ိုရီးယားသရုပ်ဆောင်မင်းသားဆုန်းကန် အမေရိကန် ဒေါ်လာ ၄.၅ သိန်းတန် ဇိမ်ခံတိုက်ခန်း ဝယ်ယူ

Dec 20 • 12:19 PM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်က်ိုရီးယားသရုပ်ဆောင်မင်းသားဆုန်းကန် အမေရိကန် ဒေါ်လာ ၄.၅ သိန်းတန် ဇိမ်ခံတိုက်ခန်း ဝယ်ယူ

'Nevertheless' 'My Demon' ဒရာမာတွေနဲ့လူကြိုက်များခဲ့တဲ့ တောင်ကိုရီးယားသရုပ်ဆောင် ဆုန်းကန် ဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ဆောင်စုဒုန်မှာ တည်ရှိတဲ့ ဇိမ်ခံ...

'Nevertheless' 'My Demon' ဒရာမာတွေနဲ့လူကြိုက်များခဲ့တဲ့ တောင်ကိုရီးယားသရုပ်ဆောင် ဆုန်းကန် ဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ဆောင်စုဒုန်မှာ တည်ရှိတဲ့ ဇိမ်ခံတိုက်ခန်းတစ်ခုကို ကိုရီးယားဝမ် ၆.၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၅ သန်း)နဲ့ ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ အိမ်ခြံမြေလုပ်ငန်းနဲ့ တရားရုံးချုပ်မှတ်ပုံတင်ရုံးရဲ့ ဒီဇင်ဘာလ ၁၇ ရက် ထုတ်ပြန်ချက်အရ ဆုန်းကန်ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်က ဆိုးလ်၊ ဆောင်ဒုန် ခရိုင်ရှိ ဆိုးလ် ဖောရက်စ် ဟေးလ်စတိတ် မှာရှိတဲ့ အကျယ် ၂၂၇ စတုရန်းမီတာရှိ ဇိမ်ခံအခန်းတစ်ခန်းကို ဝယ်ယူခဲ့ပြီး ပြီးခဲ့တဲ့လက ပိုင်ဆိုင်မှုမှတ်ပုံတင်ကာ ဝယ်ယူမှု အပြီးသတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဆုန်းကန်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီက မဖြစ်မနေ စစ်မှုထမ်းဖို့ စာရင်းပေးသွင်းခဲ့ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာမှာ တာဝန်ပြီးဆုံးခဲ့ပါသည်။


news-view-count-icon

2