ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ထင်ရှားတဲ့ ဇွဲကပင်တောင်ပေါ်မှ ပြန်လည်အဆင်းမှာ ယနေ့ နေ့လယ်ပိုင်းက ခရီးသွားအမျိုးသမီးငယ်တစ်ဦး ခြေချော်ကျမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နံနက် (၁၁) နာရီ အချိန်ခန့်က ဇွဲကပင်တောင်ပေါ်ကို တက်ရောက်ခဲ့တဲ့ ခရီးသွားဧည့်သည် အမျိုးသမီးငယ်တစ်ဦးဟာ တောင်ဆင်းလမ်းမှာ မတော်တဆ ခြေချော်ကျခဲ့ခြင်းဖြစ်ပြီး ပေါင်အဆစ် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ကယ်ဆယ်ရေးအဖွဲ့ဝင်များဟာ ဒဏ်ရာရရှိသူ အမျိုးသမီးငယ်ကို တောင်ပေါ်မှာ လိုအပ်တဲ့ ရှေးဦးသူနာပြုစုမှုများ ဆောင်ရွက်ပေးခဲ့ပြီးနောက် တောင်ခြေကို ဂရုတစိုက် သယ်ဆောင်ခဲ့ကြပြီး ဆေးကုသမှု ဆက်လက်ခံယူနိုင်ရန် ဘားအံပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။



