back

အသည်းရောင်ရောဂါ စီပိုး ရှိ၊ မရှိကို အချိန်တိုအတွင်း ဖော်ထုတ်ပေးမယ့် ရောဂါစစ်နည်း ဖန်တီး

Dec 20 • 3:34 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အသည်းရောင်ရောဂါ စီပိုး ရှိ၊ မရှိကို အချိန်တိုအတွင်း ဖော်ထုတ်ပေးမယ့် ရောဂါစစ်နည်း ဖန်တီး

အသည်းရောင်ရောဂါ စီပိုး ကူးစက်ခံထားရခြင်း ရှိ၊ မရှိကို ၁၅ မိနစ်အတွင်း ဖော်ထုတ်ပေးနိုင်တဲ့ နည်းပညာတစ်ခုကို အမေရိကန် သုတေသီများက ဖန်တီးနိုင်ခဲ့တယ်လို့ သိရပါတယ်။အမေ...

အသည်းရောင်ရောဂါ စီပိုး ကူးစက်ခံထားရခြင်း ရှိ၊ မရှိကို ၁၅ မိနစ်အတွင်း ဖော်ထုတ်ပေးနိုင်တဲ့ နည်းပညာတစ်ခုကို အမေရိကန် သုတေသီများက ဖန်တီးနိုင်ခဲ့တယ်လို့ သိရပါတယ်။အမေရိကန်နိုင်ငံ နော့်သ်ဝက်စ်သမ်းတက္ကသိုလ် သုတေသနပညာရှင်များက အဆိုပါ ရောဂါစစ်ဆေးနည်းတစ်မျိုးကို ဖန်တီးခဲ့တာဖြစ်ပြီး ၎င်းနည်းဟာ တစ်ထိုင်တည်းဖော်ထုတ်ပေးနိုင်သလို အမြန်ဆုံးကုသမှု စတင်ပေးနိုင်မှာဖြစ်လို့ အသည်းရောင်ရောဂါပိုးပြဿနာကို ကိုင်တွယ်ရာတွင် များစွာ အထောက်အကူ ပေးနိုင်မယ်လို့လည်း သိရပါတယ်။ယင်း ရောဂါစစ်ဆေးနည်းဟာ လက်ရှိ အသုံးပြုနေတဲ့ ရောဂါစစ်နည်းများထက် ရောဂါရှာဖွေရာတွင် ၇၅ ရာခိုင်နှုန်း ပို၍မြန်ဆန်ကြောင်းလည်း သိရပါတယ်။

news-view-count-icon

22