မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနသည် စပါးရိတ်သိမ်းချိန်လွန် ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရန်အတွက် တောင်သူများ၏ မိုးစပါးစိုက်ခင်းများကို ရိတ်သိမ်းခြွေလှေ့စက်များဖြင့် တစ်ဧကလျှင် ၇၅,၀၀၀ ကျပ်နှုန်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ ထို့အပြင် ရိတ်သိမ်းပြီး လယ်ကွင်းများတွင် အခြားသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် ထွန်စက်၊ ထယ်စက်များဖြင့် မြေပြုပြင်ခြင်းလုပ်ငန်းများကိုလည်း တစ်ဧကလျှင် ၄၆,၂၅၀ ကျပ်နှုန်းဖြင့် ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။


