အသည်းခြောက်ရောဂါနှင့် ပန်ကရိယကင်ဆာဝေဒနာတို့ဖြင့် ရုတ်တရက်ကွယ်လွန်သွားသည့် ပြည်သူချစ်အနုပညာရှင် ဦးညောင်ညောင်၏ ဈာပနအခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီတွင် ရေဝေးသုဿာန်၌ ပြုလုပ်ခဲ့ရာ နယ်ပယ်စုံမှ အနုပညာရှင်များ တက်ရောက်၍ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ခဲ့ကြသည်။ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီး အနုပညာလုပ်ငန်းများ ပြန်လည်စတင်ရန် ပြင်ဆင်နေချိန်တွင် အခုလို ရုတ်တရက် ဆုံးရှုံးသွားရခြင်းအပေါ် ပရိသတ်များနှင့် အနုပညာလောကသားများက များစွာစိတ်မကောင်းဖြစ်လျက်ရှိပြီး အမှတ်တရပုံရိပ်များစွာဖြင့် ဝမ်းနည်းစွာ နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

လူချစ်လူခင်ပေါများလှသည့် ဟာသသရုပ်ဆောင် ဦးညောင်ညောင်၏ ဈာပနအခမ်းအနားသို့ အနုပညာရှင်များ တက်ရောက်ဂါရဝပြု
Dec 20 • 1:18 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 16 | 0 | 0 | 0 |


