လာမည့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကာတာနိုင်ငံ၌ ကျင်းပမည့် ဖိုင်နယ်လီဆီမာ (Finalissima) ပြိုင်ပွဲတွင် တောင်အမေရိကချန်ပီယံ အာဂျင်တီးနားနှင့် ဥရောပချန်ပီယံ စပိန်အသင်းတို့ ရင်ဆိုင်ရမည်ဖြစ်ရာ ဂန္ထဝင်ကစားသမား မက်ဆီနှင့် ၎င်း၏ကျောနံပါတ်ကို ဆက်ခံထားသူ လူငယ်ကြယ်ပွင့် ယာမယ်တို့ ပထမဆုံးအကြိမ် ပြိုင်ဘက်အဖြစ် ဆုံတွေ့ကြမည်ဖြစ်သည်။ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲကျင်းပခဲ့သည့် Lusail အားကစားကွင်းတွင် ကျင်းပမည့် အဆိုပါပွဲစဉ်သည် လက်ရှိချန်ပီယံ အာဂျင်တီးနားအတွက် ဆုဖလားကာကွယ်ရမည့်ပွဲဖြစ်ပြီး၊ "မက်ဆီလက်သစ်" ဟု တင်စားခံနေရသည့် ယာမယ်ကမူ ၎င်းအနေဖြင့် မက်ဆီကို အစဉ်လေးစားသော်လည်း မိမိ၏ကိုယ်ပိုင်ခြေစွမ်းဖြင့်သာ သက်သေပြလိုကြောင်း ပြောကြားထားသည်။ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ရေပန်းအစားဆုံးအသင်းနှစ်သင်း၏ ဤထိပ်တိုက်တွေ့ဆုံမှုမှာ ကမ္ဘာ့ဘောလုံးဝါသနာရှင်များအကြား အထူးစိတ်ဝင်စားမှု မြင့်တက်လျက်ရှိကြောင်း သိရသည်။
Dec 20 • 1:08 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 25 | 0 | 0 | 0 |


