back

ဂန္ထဝင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်၏ သားအငယ် ဗင်းဆင့် အေစီမီလန်အသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆို

Dec 20 • 1:06 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂန္ထဝင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်၏ သားအငယ် ဗင်းဆင့် အေစီမီလန်အသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆို

ဆွီဒင်ဂန္ထဝင်ကစားသမား ဇလာတန်အီဘရာဟီမိုဗစ်၏ သားအငယ်ဖြစ်သူ အသက် ၁၇ နှစ်အရွယ် ဗင်းဆင့်အီဘရာဟီမိုဗစ်သည် ဖခင်ဖြစ်သူ ကစားသမားဘဝအဆုံးသတ်ခဲ့သည့် အေစီမီလန်အသင်းနှင့် ပထမ...

ဆွီဒင်ဂန္ထဝင်ကစားသမား ဇလာတန်အီဘရာဟီမိုဗစ်၏ သားအငယ်ဖြစ်သူ အသက် ၁၇ နှစ်အရွယ် ဗင်းဆင့်အီဘရာဟီမိုဗစ်သည် ဖခင်ဖြစ်သူ ကစားသမားဘဝအဆုံးသတ်ခဲ့သည့် အေစီမီလန်အသင်းနှင့် ပထမဆုံးအကြိမ် ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်သည်။ ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးဖြစ်သည့် ဗင်းဆင့်သည် ပြီးခဲ့သည့်အောက်တိုဘာလကတည်းက အေစီမီလန် ယူ-၁၈ အသင်းတွင် ပါဝင်ကစားနေသူဖြစ်ပြီး၊ ၎င်း၏အစ်ကိုဖြစ်သူ မက်ဆီမီလီယန်မှာလည်း အေစီမီလန်အရန်အသင်းနှင့် ဆွီဒင် ယူ-၁၉ အသင်းတို့တွင် တိုက်စစ်မှူးအဖြစ် ကစားလျက်ရှိသည်။ လက်ရှိတွင် အီဘရာဟီမိုဗစ်သည် အေစီမီလန်အသင်းပိုင်ရှင်များ၏ အကြီးတန်းအကြံပေးအဖြစ် တာဝန်ယူနေချိန်တွင် ၎င်း၏သားနှစ်ဦးစလုံးမှာ ဖခင်၏ခြေရာကိုနင်းကာ အေစီမီလန်အသင်း၌ပင် အသက်မွေးဝမ်းကျောင်း ဘောလုံးသမားဘဝကို စတင်နေခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

21