ထိုင်းနိုင်ငံ၊ စမုစခွန်ရှိ Asia Hats and Garment စက်ရုံမှ မြန်မာအလုပ်သမား ၂၀၁ ဦးထံမှ Work Permit သက်တမ်းတိုးပေးမည်ဟုဆိုကာ ပွဲစား၏ဝန်ထမ်း မြန်မာနိုင်ငံသားနှစ်ဦးက ငွေကြေးများကောက်ခံ၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည့်ကိစ္စအား အလုပ်သမားသံအရာရှိရုံးက ကြားဝင်ညှိနှိုင်းဖြေရှင်းပေးခဲ့သည်။ အဆိုပါငွေကြေးဆုံးရှုံးမှုအတွက် ထိုင်းပွဲစားက အလုပ်သမားများထံမှ ငွေထပ်မံတောင်းခံပြီး မပေးပါက အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် အလုပ်သမားများက တိုင်ကြားခဲ့ရာ ဒီဇင်ဘာ ၁၉ ရက်တွင် အလုပ်သမားသံအရာရှိက စက်ရုံသို့သွားရောက်၍ ထိုင်းအလုပ်အကိုင်ဌာန တာဝန်ရှိသူများ၊ အလုပ်ရှင်နှင့် ပွဲစားတို့နှင့် တွေ့ဆုံညှိနှိုင်းခဲ့ရာ အလုပ်သမားများ နစ်နာမှုမရှိစေရေးအတွက် ပြေလည်မှုရရှိခဲ့ကြောင်း သိရသည်။
Dec 20 • 12:57 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


