တက္ကသိုလ်ဝင်စာမေးပွဲကို လာမဲ့ ၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်ကနေ ၁၇ ရက်ထိ ကျင်းပ သွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၉ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။အဲဒီ ကြေညာချက်အရ မတ် ၁၁ ရက်မှာ မြန်မာစာ၊ မတ် ၁၂ ရက်မှာ အင်္ဂလိပ်စာ၊ မတ် ၁၃ ရက်မှာ သင်္ချာ၊ မတ် ၁၄ ရက်မှာ ဓာတုဗေဒ/ပထဝီဝင်၊ မတ် ၁၆ ရက်မှာ ရူပဗေဒ/သမိုင်း နဲ့ မတ် ၁၇ ရက်မှာ ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်တွေကို ဖြေဆိုရမှာ ဖြစ်ပါတယ်။



