အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူးက အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေပေမဲ့ အသင်းက မထွက်လိုသေးဘူးလို့ ပြောကြားခဲ့ပါတယ်။ဘရာဇီးကစားသမားဂျေးဇူး(၂၈ နှစ်)ဟာ ၂၀၂၂ နွေရာသီမှာ မန်စီးတီးကနေ အာဆင်နယ်အသင်းကို ပေါင်(၄၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ဂျေးဇူးဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ(၉၈)ပွဲကစားကာ (၂၆)ဂိုး သွင်းယူပေးထားပြီး ၂၀၂၅ ခုနှစ်အတွင်းမှာတော့ ဒဏ်ရာပြဿနာကြောင့် တစ်နှစ်လုံးနီးပါး အနားယူနေခဲ့ရပါတယ်။ဒါကြောင့် အာဆင်နယ်အသင်းက ရောင်းထုတ်ချင်နေသလို၊ အသင်းဟောင်းဖြစ်တဲ့ ဘရာဇီးလ်ကလပ် ပါးလ်မီးရပ်စ်အသင်းက ပြန်လည်ခေါ်ယူဖို့ လိုလားနေကြောင်းလည်း သတင်းထွက်နေပါတယ်။



