back

ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့တွင် ငွေကျပ်သိန်း ၂,၉၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူတရားခံများ ဖမ်းဆီးရမိခဲ့

Dec 19 • 3:46 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့တွင် ငွေကျပ်သိန်း ၂,၉၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူတရားခံများ ဖမ်းဆီးရမိခဲ့

ဒီဇင်ဘာလ ၁၈ ရက်နေ့ ၁၄နာရီ၄၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပန်းတောင်း...

ဒီဇင်ဘာလ ၁၈ ရက်နေ့ ၁၄နာရီ၄၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ကျီးပင်ကျေးရွာအနီးတွင် ကိုကိုဇော်(ခ)ကိုဇော် မောင်းနှင်ပြီး မြတ်ကျော် လိုက်ပါလာသည့် HONDA FIT အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၉၄၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကိုကိုဇော်(ခ)ကိုဇော်(၃၂)နှစ် နှင့် မြတ်ကျော်(၃၇)နှစ်တို့အား ဥသျှစ်ပင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။


news-view-count-icon

19