back

လားရှိုးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူတရားခံများ ဖမ်းဆီးရမိခဲ့

Dec 19 • 3:41 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

လားရှိုးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူတရားခံများ ဖမ်းဆီးရမိခဲ့

ဒီဇင်ဘာလ ၁၇ ရက်နေ့ ၁၂နာရီ၁၅မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြ...

ဒီဇင်ဘာလ ၁၇ ရက်နေ့ ၁၂နာရီ၁၅မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့၊ ရပ်ကွက်(၁၂)တွင် စိုင်းစံအောင် မောင်းနှင်လာသည့် HONDA CIVIC အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၃နာရီ၀၀ အချိန် အိုက်ဆာထွန်း အား ၎င်းနေထိုင်သည့် လားရှိုးမြို့၊ ရပ်ကွက်(၁၂)ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းစံအောင်(၃၇)နှစ် နှင့် အိုက်ဆာထွန်း(၅၆)နှစ်တို့အား လားရှိုးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။


news-view-count-icon

18