မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာန နှင့် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်း တို့ ပူးပေါင်းဖွင့်လှစ်သော တစ်ကိုယ်ရည်သန့်ရှင်းမှုမြှင့်တင်ခြင်း သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့တွင် ပြုလုပ်ခဲ့ရာသဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေများ ပေါ်ပေါက်လာပါက လက်တွေ့ ပြန်လည်အသုံးချတတ်စေရန် နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး မြှင့်တင်ခြင်း အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်များတွင် ပြန်လည် အသုံးချနိုင်စေရန် ရည်ရွယ်ကာ သင်တန်းကို ပြုလုပ်ခြင်းဖြစ်ပြီးဒီဇင်ဘာလ(၁၄)ရက်နေ့မှ(၁၇)ရက်နေ့အထိ ပြုလုပ်ခဲ့သော အဆိုပါသင်တန်းသို့ ငလျင်ဘေးခံစားခဲ့ရသောဒေသများဖြစ်သည့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ကြက်ခြေနီ စေတနာလုပ်အားရှင်(၃၅)ဦး တက်ရောက်ခဲ့ပါသည်။



