back

ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်း လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့သည့် စစ်ရေယာဉ်ရန်ကုန်သို့ပြန်ရောက်

Dec 19 • 1:55 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်း လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့သည့် စစ်ရေယာဉ်ရန်ကုန်သို့ပြန်ရောက်

အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်မြို့တွင် ဒီဇင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာ လေ့ကျင့်ခန်း သို့ တက်ရောက်ခ...

အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်မြို့တွင် ဒီဇင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာ လေ့ကျင့်ခန်း သို့ တက်ရောက်ခဲ့သည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား) သည် ဒီဇင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အဆိုပါ လေ့ကျင့်ခန်းတွင် မြန်မာ၊ အမေရိကန်နှင့် အာဆီယံနိုင်ငံများမှ စစ်ရေယာဉ် ၈ စီး၊ ရဟတ်ယာဉ် ၁ စင်းတို့ ပါဝင်ခဲ့ပြီး ပင်လယ်ပြင်တွင် စစ်ရေယာဉ်ပုံပြုမောင်းနှင်ခြင်း၊ ရှာဖွေကယ်ဆယ်ရေး၊ အရေးကြီးရေယာဉ်ကာကွယ်မှုနှင့် Table Top Exercise တို့ကို လက်တွေ့လေ့ကျင့်ခဲ့ကြသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေ့ကျင့်ခန်းများအပြင် အတွေ့အကြုံဖလှယ်မှုနှင့် ဘာတန်မြို့တွင်း လေ့လာရေးခရီးစဉ်များကိုပါ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

15