ပုပ္ပါးတောင်သည် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားမြို့အနီးတွင်တည်ရှိပြီး တောင်တက်သူများနှင့် ဘုရားဖူးခရီးသွားပြည်သူများဖြင့် စည်ကားသောနေရာတစ်ခုဖြစ်ပြီး ထိုသို့ ခရီးသွားပြည်သူများ စည်ကားလာသည်နှင့်အမျှ စနစ်တကျစွန့်ပစ်မှုမရှိသူများကြောင့် သဘာဝပတ်ဝန်းကျင်များမှာ အမှိုက်များဖြင့် အကျည်းတန်ရသကဲ့သို့ သဘာဝပတ်ဝန်းကျင်ပျ-က်စီးမှုများ ဖြစ်ပွားနေရကြောင်း သဘာဝပ တ်ဝန်းကျင်အရေးတက်ကြွ လှုပ်ရှားသူများက ဆိုသည်။ပုပ္ပားတောင်သည် တောင်ထိပ်တောင်ကုန်းပေါင်းမြောက်များစွာရှိပြီး ပုပ္ပားတောင်မကြီးသည် ပေပေါင်း(၅၀၀၀)ခန့် (၄၉၈၁)ပေရှိပြီး တောင်ထိပ်တောင်ကုန်းပေါင်း(၃၀)ကျော် ဝန်းရံနေသည့် တောင်ဖြစ်ကာ ပုပ္ပားတောင်ကြီး၏ အနော က်တောင်ဘက်ခြေရင်းတွင်ကပ်လျှက် တောင်ကလပ်တောင် တည်ရှိပြီး ပုပ္ပားတောင်တွင် မှန်ပြတောင်၊ နွားလပို့တော င်၊ ဆေးမွန်တောင်တို့ ကဖိုခနောက်ဆိုင်သဖွယ် တည်ရှိနေကြောင်း သိရသည်။



