back

ထိုင်းတွင် ဂုံးကျော်တံတားပြိုကျရာမှ မောင်းနှင်လာသည့် ကားပေါ်ပိမိပြီး လူသေဆုံးမှုဖြစ်ပွား

Dec 18 • 10:34 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် ဂုံးကျော်တံတားပြိုကျရာမှ မောင်းနှင်လာသည့် ကားပေါ်ပိမိပြီး လူသေဆုံးမှုဖြစ်ပွား

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဘောမြို့နယ်၊ ဘန်ဖီနွဲ့ကျေးရွာရှိ ဘန်နာလမ်းမကြီးပေါ်တွင် ယနေ့ ဒီဇင်ဘာလ ၁၈ ရက် နံနက် ၉ နာရီ ၂၅ မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖ...

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဘောမြို့နယ်၊ ဘန်ဖီနွဲ့ကျေးရွာရှိ ဘန်နာလမ်းမကြီးပေါ်တွင် ယနေ့ ဒီဇင်ဘာလ ၁၈ ရက် နံနက် ၉ နာရီ ၂၅ မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဖြစ်စဉ်တွင် ပစ်ကပ်ကားမောင်းသူသည် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ကုန်တင်ယာဉ်မောင်းသူမှာ ထိခိုက်ဒဏ်ရာများရရှိကာ ကားထဲပိတ်မိနေသဖြင့် တာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက အပြင်ရောက်ရှိအောင် ဆွဲထုတ်ပေးခဲ့ရကြောင်း သိရသည်။အဆိုပါ ဂုံးကျော်တံတားပြိုကျမှုကြောင့် ဘန်နာလမ်းမကြီးပေါ်တွင် အခင်း ဖြစ်ပွားချိန်မှစ၍ ၄ နာရီကျော်အကြာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။လက်ရှိတွင် တံတားပြိုကျရသည့် အကြောင်းရင်းအား တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။



news-view-count-icon

12