back

ဆီးဂိမ်း အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အဖွဲ့ ကြေးတံဆိပ်တစ်ခု စတင်ရရှိ

Dec 18 • 8:36 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဆီးဂိမ်း အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အဖွဲ့ ကြေးတံဆိပ်တစ်ခု စတင်ရရှိ

ဆီးဂိမ်း အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ပထမနေ့ကို ဒီဇင်ဘာ ၁၇ ရက်က ကျင်းပရာ မြန်မာလှေလှော်အဖွဲ့ ကြေးတံဆိပ်တစ်ခု စတင်ဆွတ်ခူးရရှိသည်။အမျိုးသမီး...

ဆီးဂိမ်း အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ပထမနေ့ကို ဒီဇင်ဘာ ၁၇ ရက်က ကျင်းပရာ မြန်မာလှေလှော်အဖွဲ့ ကြေးတံဆိပ်တစ်ခု စတင်ဆွတ်ခူးရရှိသည်။အမျိုးသမီး Lightweight Women’s Single Sculls ပြိုင်ပွဲတွင် မြန်မာလှေလှော်အားကစားမယ် နီလာဝင်းက ကြေးတံဆိပ်ဆွတ်ခူးရရှိပြီး ဗီယက်နမ်ကစားသမား သီဒွေဟိုက ရွှေတံဆိပ်၊ ဖိလစ်ပိုင်ကစားသမား ဒယ်ဂါကိုက ငွေတံဆိပ်ဆုရရှိသည်။ ကြေးတံဆိပ်ဆုရရှိ သည့် နီလာဝင်းကို မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် နာယက၊ ဥက္ကဋ္ဌ (Jewellery Luck Group of Companies)က ဆုကြေးငွေကျပ်သိန်း ၅၀ ချီးမြှင့်သည်။အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ဒုတိယနေ့ကို ယနေ့ဒီဇင်ဘာ ၁၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။




news-view-count-icon

17