မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ၏ ယနေ့ ဒီဇင်ဘာ ၁၈ ရက်ထုတ်ပြန်ချက်အရ တနိုင်းမြို့နှင့် လွိုင်ကော်မြို့တို့ကိုဗဟိုပြု၍ ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ယနေ့ ဒီဇင်ဘာ ၁၈ ရက်နံနက် ၂ နာရီ ၃၀ မိနစ် ၂၂ စက္ကန့်ကလည်း လွိုင်ကော်မြို့၏ အနောက်မြောက်ဘက်(၁၁)မိုင်ခန့်အကွာ၊ အနက်(၉)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။



