လက်ရှိဖြစ်ပွားနေသော နယ်စပ်တိုက်ပွဲတွေကြောင့် ကမ္ဘောဒီးယားတွင် ထိုင်းနိုင်ငံသား ၅ ထောင်မှ ၆ ထောင်ဝန်းကျင် ပိတ်မိနေပြီး ထိုင်းအစိုးရက လေယာဉ်ခ အထောက်အပံ့ ပေးပြီးပြန်ခေါ်ရန် ပြင်ဆင်နေကြောင်းထိုင်းသတင်းကယနေ့ဖော်ပြသည်။ အထူးသဖြင့် စီယမ်ရိပ် (Siem Reap) နှင့် နယ်စပ်မြို့ ပွိုင်ပက် (Poipet) တို့တွင် ပိတ်မိနေသူများအတွက် လေယာဉ်အထူးငှားရမ်းမှုများကိုလည်း စဉ်းစားနေကြောင်းပြောသည်။နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံသား ၅,၀၀၀ မှ ၆,၀၀၀ ကြား ကမ္ဘောဒီးယားတွင် ဆက်လက်ပိတ်မိနေပြီး ၎င်းတို့အများစုမှာ ထိုင်းသံရုံးတွင် မှတ်ပုံတင်ထားခြင်း မရှိကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ဝန်ကြီးဌာနက ကမ္ဘောဒီးယားတွင် ရှိနေသူများကို ၎င်းတို့ ထွက်ခွာလိုပါက အရာရှိများနှင့် ဆက်သွယ်ရန် တိုက်တွန်းထားသည်။
Dec 18 • 1:34 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


