back

ပြင်ဦးလွင်မြို့မှာ မီတာခ ပုံမှန်ထက် ၄ ဆ ပိုပေးနေရ

Dec 17 • 3:36 PM

breaking-news

မြန်မာ

မန္တလေး

cover

ပြင်ဦးလွင်မြို့မှာ မီတာခ ပုံမှန်ထက် ၄ ဆ ပိုပေးနေရ

‎မီတာသုံးစွဲတဲ့အိမ်နဲ့ ဆိုင်တွေ မတူတာကြောင့် တချို့ဆိုင်တွေမှာ ပုံမှန်ထက် ၄ဆကျော်အထိ ပေးဆောင်ခဲ့ရကြောင်း ရကပ်ကွက် ၁၂ နေအမျိုးသမီးက ဆိုပါတယ်။ပုံမှန်မီတာခကို ၈ သေ...

‎မီတာသုံးစွဲတဲ့အိမ်နဲ့ ဆိုင်တွေ မတူတာကြောင့် တချို့ဆိုင်တွေမှာ ပုံမှန်ထက် ၄ဆကျော်အထိ ပေးဆောင်ခဲ့ရကြောင်း ရကပ်ကွက် ၁၂ နေအမျိုးသမီးက ဆိုပါတယ်။ပုံမှန်မီတာခကို ၈ သောင်းသာ ဆောင်ခဲ့ရပြီး စားသောက်ဆိုင်ဖွင့်ထားတာကြောင့် မီးအဆင်ပြေအောင်သုံးနိုင်ဖို့ ဆိုလာမီးအပြင် ဂတ်(စ်) ကိုသာအသုံးပြုနေရပေမဲ့ နိုဝင်ဘာလ မီတာခကို ၃ သိန်းကျော် ဆောင်ခဲ့ရကြောင်း သူမကဆိုပါတယ်။၂၀၂၅ ခုနှစ် လအစကတည်းက ပြင်ဦးလွင်ရှိ ရပ်ကွက်တိုင်းက ပုံမှန်အိမ်သုံး မီတာခ ၂ သောင်း ဝန်းကျင်သာပေးခဲ့ရပေမဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွက် မီတာခဟာ ၆ သောင်းကျော်အထိ ပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြင်ဦးလွင်မြို့မှာ မီတာခအပြင် တခြား အခွန်တွေကိုလည်း ဌာနဆိုင်ရာတွေကို ပိုပေးနေရကြောင်း မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။




news-view-count-icon

17