ယနေ့ (ဒီဇင်ဘာလ ၁၇ ရက်) မွန်းလွှဲ ၂ နာရီဝန်းကျင်တွင် သိန္နီမြို့ အဝင်တွင် ဖွင့်လှစ်ထားသည့် စိန်နဂါး စက်သုံးဆီဆိုင် မီလောင်းမှုဖြစ်ပွားခဲ့ကြောင်း သိန္နီမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၆ ရက်)တွင် အေးသာယာမြို့ ထုံးဖိုအတက် အနီးရှိ တပင်ရွှေထီး စက်သုံးဆီဆိုင်တွင် ထမင်းဟင်းချက်ရာမှ ဝိုင်ယာရှော့ခ် ဖြစ်ပြီး ဓာတ်ဆီဆိုင် မီးလောင်သွားခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် (ဇူလိုင်လ ၂၃ ရက်)တွင်လည်း သိန္နီမြို့ မြို့ဦး စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင်၏ သားသေဆုံးခဲ့ကြောင်း သိရသည်။



