back

ဖီဖာတစ်နှစ်တာအကောင်းဆုံးဆုကိုပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဒမ်ဘီလီရရှိ

Dec 17 • 6:59 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဖီဖာတစ်နှစ်တာအကောင်းဆုံးဆုကိုပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဒမ်ဘီလီရရှိ

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဆုဖလားရအောင် ကူညီပေးခဲ့တဲ့ တိုက်စစ်မှူး ဒမ်ဘီလီဟာ ၂၀၂၅ ခုနှစ် ဖီဖာတစ်နှစ်တာအက...

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဆုဖလားရအောင် ကူညီပေးခဲ့တဲ့ တိုက်စစ်မှူး ဒမ်ဘီလီဟာ ၂၀၂၅ ခုနှစ် ဖီဖာတစ်နှစ်တာအကောင်းဆုံး အမျိုးသားဆုကို ရရှိသွား ပါတယ်။ ပြင်သစ်လက်ရွေးစင် ဒမ်ဘီလီဟာ တစ်နှစ်တာအကောင်းဆုံးဆုအတွက် ဘာစီလိုနာအသင်းရဲ့ လူငယ် ကြယ်ပွင့် ယာမယ်နဲ့ ပြင်သစ်အသင်းဖော် ရီးရဲလ်တိုက်စစ်မှူး အမ်ဘာပေတို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက ရွှေဘောလုံးဆုကို ရယူနိုင်ရာမှာ ယာမယ်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဒမ်ဘီလီဟာ အခုလည်း နောက်တစ်ကြိမ် ယာမယ်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ၅၃ ပွဲမှာ ၃၅ ဂိုးသွင်းယူပေးခဲ့ပြီး သူ့ရဲ့ ဂိုးပါဝင်ပတ်သတ်မှုက ၅၁ ဂိုးအထိ ရှိထားခဲ့တာဖြစ်ပါတယ်။ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပခဲ့တဲ့ ဖီဖာ တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲမှာ ပီအက်စ်ဂျီအသင်းနည်းပြ အင်းနရစ်က တစ်နှစ်တာအကောင်းဆုံး အမျိုးသားအသင်းနည်းပြဆုကို ရရှိခဲ့ပါတယ်။ အမျိုးသမီးအကောင်းဆုံးဆုကို စပိန်နဲ့ ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့် ကစားသမား ဘွန်မာတီက ရရှိခဲ့ပြီး အမျိုးသမီးအသင်းနည်းပြဆုကိုတော့ အင်္ဂလန်လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြ ဆာရီနာ ဝစ်မန်းက ရရှိသွားပါတယ်။


news-view-count-icon

18