back

ရန်ကုန်တွင် ဖုန်းဆိုင်အများစု ပုံမှန်ဝင်ငွေရရန် Lock ဖြည်ပေးခြင်းနှင့် အလုံးလိုက်ချိန်းခြင်းတို့ဖြင့် ရပ်တည်နေရ

Dec 17 • 5:13 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တွင် ဖုန်းဆိုင်အများစု ပုံမှန်ဝင်ငွေရရန် Lock ဖြည်ပေးခြင်းနှင့် အလုံးလိုက်ချိန်းခြင်းတို့ဖြင့် ရပ်တည်နေရ

ရန်ကုန်၌ ယခုနောက်ပိုင်းတွင် ဖုန်းအဟောင်းအရောင်းဆိုင်များတွင် Screen lock ဖြည်ပေးခြင်းနှင့် အလိုက်ပေးအလုံးချိန်းခြင်းများဖြင့် ရပ်တည်နိုင်ရန် ကြိုးစားလာရကြောင်း ...

ရန်ကုန်၌ ယခုနောက်ပိုင်းတွင် ဖုန်းအဟောင်းအရောင်းဆိုင်များတွင် Screen lock ဖြည်ပေးခြင်းနှင့် အလိုက်ပေးအလုံးချိန်းခြင်းများဖြင့် ရပ်တည်နိုင်ရန် ကြိုးစားလာရကြောင်း ရန်ကုန်မြို့၊ ဆင်ခြေဖုံးရပ်ကွက်အတွင်းရှိ ဖုန်းအဟောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။အဆိုပါ ဖုန်းအဟောင်းစျေးကွက်အတွင်းတွင် iPhone များအပါအဝင် မော်ဒယ်မြင့် တစ်ပတ်ရစ်ဖုန်းအဟောင်းများကိုသာ ရောင်းချသောဆိုင်များရှိပြီး မော်ဒယ်နိမ့် တစ်ပတ်ရစ်ဖုန်းများကိုသာ ရောင်းချသောဆိုင်များလည်းရှိကြောင်း၊ ထိုဆိုင်အများစုတွင် Lock လာဖြည်ခြင်းနှင့် အလိုက်ပေး၍ အလုံးချိန်း ခြင်းတို့ကို လုပ်ဆောင်လာခြင်းများရှိလာခဲ့ကြသည်။တစ်ပတ်ရစ်ဖုန်းစျေးကွက်တွင် ပုံမှန်ဖောက်သည်ကဲ့သို့ အားထားသုံးစွဲနေသူအချို့ရှိပြီး လစဉ်နီးပါး အလုံးချိန်းကာ ဖုန်းဟန်းဆက်အမျိုးမျိုးကို ပြောင်းလဲသုံးစွဲသူများလည်း ရှိလာကြကြောင်း သိရသည်။

news-view-count-icon

19