back

ထိုင်းရောက် မြန်မာများကို သက်သေခံလက်မှတ်-CI များထုတ်ပေးရေး နှစ်နိုင်ငံဆွေးနွေး

Dec 17 • 1:52 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းရောက် မြန်မာများကို သက်သေခံလက်မှတ်-CI များထုတ်ပေးရေး နှစ်နိုင်ငံဆွေးနွေး

ထိုင်းရောက် မြန်မာလုပ်သားများကို သက်သေခံလက်မှတ်-CI များထုတ်ပေးရေးအတွက် မြန်မာ-ထိုင်းနှစ်နိုင်ငံ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြပါသည်။ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ထိုင်း...

ထိုင်းရောက် မြန်မာလုပ်သားများကို သက်သေခံလက်မှတ်-CI များထုတ်ပေးရေးအတွက် မြန်မာ-ထိုင်းနှစ်နိုင်ငံ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြပါသည်။ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံတောင်ပိုင်း ကဘီခရိုင်၊ အောဝ်နန်မြို့နယ်ရှိ Bluesotel ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါသည်။အဆိုပါ ဆွေးနွေးပွဲတွင် ရွှေ့ပြောင်းမြန်မာလုပ်သားများထံမှ အခကြေးငွေ ကောက်ခံရရှိရေးနှင့် CI ထုတ်ပေးရေး စခန်းအသစ်များ ထပ်မံဖွင့်လှစ်ရန် တို့ပါဝင်ကြောင်း သိရှိရသည်။သို့သော်ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သက်သေခံလက် မှတ် (CI) ထုတ်ပေးရေးအတွက် ဆွေးနွေးကြရာတွင် CI ဈေးနှုန်းကို မြှင့်တင်ကောက်ခံရန်၊ အပိုအခကြေးငွေများ တောင်းခံရန်နှင့် အလုပ်သမားများကို အခွန်ဆောင်စေရေးများ ဆွေးနွေးခဲ့သည်ဟု သိရသည်။

news-view-count-icon

20