ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ဇီးရိုးမိုင်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မနက်စာ ရှမ်းခေါက်ဆွဲ တစ်ပွဲလျှင် ကျပ် ၁၅,၀၀၀ နှုန်းဖြင့် ရောင်းချနေပြီး၊ မိသားစုသုံးဦး စားသောက်မှုအတွက် စုစုပေါင်း ကျပ် ၈၅,၀၀၀ (ရှမ်းခေါက်ဆွဲ၊ တို့ဖူးကြော် စသည်) ရှင်းခဲ့ရကြောင်း စားသုံးသူတစ်ဦးက ပြောကြားထားသည်။ အဆိုပါစျေးနှုန်းသည် အခြားဒေသများ၏ စျေးနှုန်းထက် များစွာမြင့်မားနေခြင်းဖြစ်ပြီး၊ စျေးနှုန်းမမေးဘဲ စားသောက်မိခဲ့သည့်အတွက် သွေးတက်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။ လက်ရှိခေတ်ကာလတွင် စျေးနှုန်းများ ခန့်မှန်းရခက်ခဲစွာ မြင့်တက်နေခြင်းကြောင့် စားသောက်သူများအနေဖြင့် ငွေရှင်းသည့်အခါ အခက်အခဲမဖြစ်စေရန် စားသောက်ခြင်းမပြုမီ စျေးနှုန်းမေးမြန်းသင့်ကြောင်း စားသုံးသူက သတိပေးတိုက်တွန်းထားသည်။
Dec 17 • 1:34 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 10 | 0 | 0 | 0 |


