၁၆.၁၂.၂၀၂၅ ရက်နေ့၊ ၂၀နာရီ ၃၄မိနစ် အချိန်ခန့်၊ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ သီရိရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဆီဆိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၀နာရီ ၅၅မိနစ် အချိန် မီးငြိမ်းပါသည်။



