back

ရှမ်းပြည်နယ်၊တောင်ပိုင်းအေးသာယာမြို့ တပင်ရွှေထီး ဓါတ်ဆီဆိုင် မီးလောင်မှု ဖြစ်ပွားနေ

Dec 16 • 7:06 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်၊တောင်ပိုင်းအေးသာယာမြို့ တပင်ရွှေထီး ဓါတ်ဆီဆိုင် မီးလောင်မှု ဖြစ်ပွားနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ တပင်ရွှေထီး ဓါတ်ဆီဆိုင် မီးလောင်မှု ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။အေးသာယာမြို့ ၊ ပြည်ထောင်စု လ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ တပင်ရွှေထီး ဓါတ်ဆီဆိုင် မီးလောင်မှု ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

အေးသာယာမြို့ ၊ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ Excellent Power ဓါတ်ဆီဆိုင် နောက်ကြောဘက် ၊ တပင်ရွှေထီး ဓါတ်ဆီဆိုင် ဆီဂိုထောင်တွင် ဒီဇင်ဘာလ ၁၆ ရက် နေ့လည်ပိုင်း ၁၂ နာရီခွဲအချိန်က ပေါက်ကွဲပြီး မီးစတင် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။ထုံးဖို စစ်ဆေးရေးဂိတ် နားက Excellent Power ဓါတ်ဆီဆိုင် နောက်ကြောဘက် ဆီဂိုထောင် တွေ မီးလောင် ပေါက်ကွဲမှု ဖြစ်နေတယ်။အဲဒီနားမှာ ဆီဆိုင်တွေက များပါတယ်။ အမြန်ဆုံး မီးငြိမ်းသတ်ဖို့ လိုပါတယ်။” ဟု အေးသာယာ ဒေသခံ တစ်ဦး က ဆိုသည်။

ထို တပင်ရွှေထီး ဓါတ်ဆီဆိုင် မီးလောင်ခြင်းကြောင့် မီးခိုးလုံးများနှင့် မီးတောက်မီးလျှံ အထက်သို့ မြင့်တက်လာသည်ကို တောင်ကြီးမြို့မှ မြင်တွေ့ရကြောင်း သိရသည်။



news-view-count-icon

21