၁၆.၁၂.၂၀၂၅ ရက်ယနေ့၊ ၁၁ နာရီ၃၀ မိနစ်အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ အမှတ်(၅)ရပ်ကွက်၊ အုန်းတောလမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အသုတ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ၄၀ မိနစ်အချိန် မီးငြိမ်းပါသည်။



