တိုကျိုမြို့တော် တိရစ္ဆာန်ဥယျာဉ်၌ ထားရှိသည့် လိုင်လိုင် နှင့် ရှောင်ရှောင်အမည်ရှိ ပန်ဒါဝက်ဝံနှစ်ကောင်ကို လာမည့်နှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရမည်ဖြစ်ကြောင်း ဂျပန်မီဒီယာများက ဒီဇင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းပန်ဒါဝက်ဝံနှစ်ကောင်အား ငှားရမ်းထားသည့်ကာလမှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှသာ ပြည့်မည်ဖြစ်သော်လည်း ငှားရမ်းသက်တမ်းမကုန်မီ တစ်လအလို၌ ပြန်ပို့ရမည်ဖြစ်ကြောင်း အဆာဟိရှင်ဘွန်း သတင်းစာက ဖော်ပြသည်။ ဤသတင်းသည် တရုတ် (တိုင်ပေ) ပြဿနာကို အကြောင်းပြု၍ တရုတ်နှင့် ဂျပန်အကြား ဆက်ဆံရေးတင်းမာနေချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ အဆိုပါပန်ဒါဝက်ဝံများသည် တရုတ်အစိုးရ၏ ပန်ဒါသံတမန်ဆက်ဆံရေး လုပ်ငန်းစဉ်အရ ၁၉၇၂ ခုနှစ်မှစ၍ နှစ်နိုင်ငံချစ်ကြည်ရေးကို ကိုယ်စားပြုခဲ့သည့် သတ္တဝါများဖြစ်သည်။ လိုင်လိုင်နှင့် ရှောင်ရှောင်ကို ပြန်လည်ပေးအပ်ရပါက တိုကျိုတိရစ္ဆာန်ဥယျာဉ်သည် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ပန်ဒါဝက်ဝံလက်မဲ့ ဖြစ်သွားမည်ဖြစ်သည်။
Dec 16 • 5:47 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


