back

ရန်ကုန်ယူနိုက်တက်အသင်းက မြန်မာ့လက်ရွေးစင် ကစားသမား မောင်မောင်လွင်ကို ၅ လ အငှားစာချုပ်ဖြင့် ခေါ်ယူ

Dec 16 • 4:38 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်ယူနိုက်တက်အသင်းက မြန်မာ့လက်ရွေးစင် ကစားသမား မောင်မောင်လွင်ကို ၅ လ အငှားစာချုပ်ဖြင့် ခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ထိုင်းလိဂ်-၁ကလပ် Lamphun Warrior အသင်းမှ ညာတောင်ပံကစားသမား မောင်မောင်လွင်အား ၅ လအငှားစာချုပ်ဖြင့် ခေါ်ယူလိ...

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ထိုင်းလိဂ်-၁ကလပ် Lamphun Warrior အသင်းမှ ညာတောင်ပံကစားသမား မောင်မောင်လွင်အား ၅ လအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။ ရန်ကုန်ယူနိုက်တက်အသင်း၏ ကစားသမားဟောင်းဖြစ်သူ မောင်မောင်လွင်သည် လက်ရှိတွင် Lamphun Warrior အသင်းနှင့်အတူ ထိုင်းလိဂ်-၁ တွင် ခြေစွမ်းပြနေပြီး၊ ရန်ကုန်ယူနိုက်တက်အသင်းသို့ အောင်မြင်မှုများ ရယူရန် ရည်ရွယ်၍ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ ၎င်းသည် အသင်းနှင့်အတူ လေ့ကျင့်ရေးအစီအစဉ်များ စတင်ပြုလုပ်မည်ဖြစ်ကာ မြန်မာနေရှင်နယ်လိဂ် (ဒုတိယအကျော့) မှ စတင်ပါဝင်ကစားသွားမည်ဖြစ်ပြီး ကျောနံပါတ် ၇၇ ကို ဝတ်ဆင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

news-view-count-icon

13